November 4ရက်နေ့တွင် သည်ဆိုဒ်လေးကိုတည်ထောင်ပါသည်။ သည်ဆိုဒ်လေးကို ကျွန်တော်ကျွမ်းကျင်လို့တည်ထောင်ထားချင်းမဟုတ်ပါ လေ့လာသင်ယူနေတုန်းပါ ကျွန်တော်တွေ့ရှိသမျှနည်းပညာ သတင်းများကိုလဲပြန်လည်မျှဝေပေးသွားမှာ တုန့်ပြန်မှုအနေနဲ့FaceBook Like ကလေးလောက်တော့နှိပ်ပြီးအားပေးခဲ့ကြပါခင်ဗျာ သူငယ်ချင်းတို့ရဲ့အားပေးမှုဟာကျွန်တော်အတွက်အားဆေးတစ်ခွက်ပါ

မန်ဘာဝင်၍ အားပေးကြပါ

Friday, November 9, 2012

ဗိုလ်ချုပ်အောင်ဆန်း၏ စစ်တပ်နိုင်ငံရေးသမားဝါဒ

Unknown | Friday, November 09, 2012 | Best Blogger Tips


ကြည်မောင်သစ်

“မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်ပိုင်း နှစ်ပေါင်း ၆၀ ကျော်ကာလတလျှောက်လုံး

သည်စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တိုက်ပွဲဝင်သည့်ကာလဖြစ်သည်”ဟုယူဆပါသည်။
စစ်အာဏာရှင်စနစ် တည်တံ့ပြီးခိုင်မြဲသည်ထက် ခိုင်မြဲအောင်ကြိုးပမ်းမှုများကြောင့်မြန်
မာနိုင်ငံ၏စီးပွားရေး၊လူမှုရေး တည်ဆောက်မှုအားလုံး ပျက်စီးခြင်းငါးပါးမှောက်ခဲ့သည်။
ထို့ကြောင့် တစ်နိုင်ငံလုံးပြည် သူတရပ်လုံးသည် မွဲပြာကျရသည့် အဖြစ်ဆိုးနှင့်တောက်
လျှောက်ရင်ဆိုင်ကြုံတွေ့လာခဲ့ရသည်။ယနေ့ကာလသည်အခြေအနေအဆိုးဝါးဆုံးကာ
လဖြစ်သည်။  ဤသို့သော အခြေအနေဆိုးကို ဖန်တီးသည့်မြန်မာ့ စစ်အာဏာရှင်စနစ်

သည်မည်ကဲ့သို့အမြစ်တွယ်ပေါက်ဖွားလာခဲ့သနည်း။ အဘယ်ကြောင့်မြန်မာ့လူမှုဘ၀တ
ခုလုံးကို လွှမ်းမိုးနိုင်ခဲ့ပါသနည်း။မြန်မာ့လွပ်လပ်ရေး တိုက်ပွဲဝင်စဉ်ကဦးဆောင်နိုင်ငံရေး
ပါတီများသည်ဗမာပြည်ကွန်မြူနစ်ပါတီ၊ဆိုရှယ်လစ်ပါတီတို့ ဖြစ်ကြသည်။ယင်းပါတီတို့၏
ဆုံးဖြတ်ချက်အရဗမာ့လွတ်လပ်ရေးကိုလက်နက်ကိုင်တိုက်ပွဲပုံသဏ္ဍာန်ဖြင့်ဆင်နွှဲခဲ့ကြ
သည်။ဘီအိုင်ဘီ၊ဘီဒီအေ၊ဘီအန်အေ၊ဗမာ့တပ်မတော်ဟူ၍ခေတ်ကာလတိုက်ပွဲနှင့်အ
ညီဗမာ့လွတ်လပ်ရေးတပ်မတော်တရပ်ကိုအမျိုးမျိုးပြောင်းလဲဖွဲ့စည်းခဲ့လေသည်။ယင်း
တပ်မတော်တွင်ဗကပပါတီဝင်၊ဆိုရှယ်လစ်ပါတီဝင်များပါဝင်သကဲ့သို့ဝါဒစွဲမရှိသောမျိုး
ချစ်စိတ်အခြေခံသူများလည်းပါဝင်ခဲ့သည်။တပ်မတော်ကိုဦးဆောင်ခဲ့သူကား ဗိုလ်ချုပ်
အောင်ဆန်းဖြစ်သည်။ဗိုလ်ချုပ်အောင်ဆန်းသည်ဗမာပြည်ကွန်မြူနစ်ပါတီဝင်များ၊ ဆို
ရှယ်လစ်ပါတီဝင်များနှင့်တော် လှန်ရေးလုပ်ဖော်ကိုင်ဘက် ရဲဘော်ရဲဘက်ဖြစ်ခဲ့သော်
လည်းကွန်မြူနစ်ပါတီဝင်မဟုတ်သကဲ့သို့ ဆိုရှယ်လစ်ပါတီဝင်လည်းမဟုတ်ခဲ့ချေ။သို့
သော်လည်းဗိုလ်ချုပ်  အောင်ဆန်းသည်  ပြည်သူတို့၏  ထောက်ခံမှုကို   ပါတီခေါင်း
ဆောင်များထက်  ပို၍ရရှိခဲ့ပေသည်။  ဗိုလ်ချုပ်အောင်ဆန်း၏  အရှိန်အ၀ါကြီးမှုကတ
ကြောင်းပါတီနိုင်ငံရေးသမားတို့ထက်လက်နက်ကိုင်သူတို့ကိုပြည်သူတို့ကပိုမိုအထင်ကြီး
တတ်မှုကတကြောင်း..၊ ထိုအကြောင်းနှစ်ကြောင်းကြောင့်ဗမာ့တပ်မတော်သည်ပြည်သူ
တို့၏လေးစားကြည်ညို အားထားမှုကိုရရှိခဲ့သည်။  ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်ခဲ့
သည်။တပ်မတော်စစ်ခေါင်းဆောင်တို့သည်ဤရေခံမြေခံမှပေါက်ပွားဖြစ်ထွန်းလာသည်
ဖြစ်၍ စစ်သားတပိုင်းနိုင်ငံရေးသမား တပိုင်းဖြစ်လာခဲ့ကြသည်။ စစ်တပ်နှင့်နိုင်ငံရေးအ
ကြားတွင်ပြတ်ပြတ်သားသားစည်းတားချက်မရှိဖြစ်ခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်းကနိုင်ငံ
ရေးလုပ်ရန်စစ်တပ်မှထွက်ပေးခဲ့သည်။အရပ်သား  နိုင်ငံရေးသမားတယောက်အနေဖြင့် 
ရပ်တည်ပြခဲ့သည်။သို့သော်လည်း နိုင်ငံလွတ် လပ်ရေးရရှိခဲ့ပြီးသည့် နောက်ပိုင်းတွင်တပ်
တွင်းမှစစ်ခေါင်းဆောင်များသည်ဗိုလ်ချုပ်အောင်ဆန်း၏လမ်းစဉ်ကို  မျက်ကွယ်ပြုခဲ့ကြ
သည်။ ယူနီဖောင်းမချွတ်ဘဲ အာဏာရပါတီတွင်း၌ သြဇာအာဏာ ထူထောင်ခဲ့ကြသည်။ နိုင်ငံရေးသမားတို့ကလည်း စစ်ခေါင်းဆောင်များကို သူတို့၏နိုင်ငံရေး အကျိုးစီးပွားအ
တွက် မွေးခဲ့ကြသည်။သို့ဖြင့်နိုင်ငံရေးသမားတို့သည် အမျိုးသားစည်းလုံးညီညွတ်ရေးအ
တွက်ပြည်တွင်းစစ်ရပ်စဲရမည့်အရေးတွင်စစ်ခေါင်းဆောင်များ၏မျက်နှာကိုထောက်ထား
၍ နိုင်ငံရေးမူဝါဒချမှတ်ခဲ့ရသည်။ နိုင်ငံရေးအရစေ့စပ်ဆွေးနွေးရေးလမ်းစဉ်ထက်အပြုတ်
တိုက်ရေးလမ်းစဉ်ကိုသာ စစ်ခေါင်းဆောင်များအလိုကျ လိုက်လျောခဲ့ကြရသည်။အပြုတ်
တိုက်ရေးလမ်းစဉ်၏ အကျိုးဆက်ဖြစ်သော ပြည်တွင်းစစ်ကြောင့် တိုင်းပြည်စီးပွားရေး
မတိုးတက်နိုင်ခဲ့။ စစ်တပ်သည်သာ တနေ့တခြား အင်အားကြီးထွားလာခဲ့သည်။ စီးပွား
ရေးက မတိုးတက်။ နိုင်ငံရေးကမတည်ငြိမ်။ ထို့ကြောင့် အာဏာရဖဆပလ နှစ်ခြမ်းကွဲရ
တော့သည်။ဤကဲ့သို့သောအခြေအနေဆိုးကာလတွင်တပ်မတော်တွင်းမှစစ်သားတပိုင်း၊
နိုင်ငံရေးသမားတပိုင်းစစ်ခေါင်းဆောင်များကရိုးရိုးသားသားသဘောဖြင့် လက်ပိုက်ကြည့်
မနေနိုင်တော့သည်ကတကြောင်း..၊မရိုးမသားသဘောဖြင့် သူတို့ကိုယ်တိုင် နိုင်ငံရေးအာ
ဏာရယူလိုသည်ကတကြောင်း..၊ထိုထိုသောအကြောင်းတို့ကြောင့် နိုင်ငံရေးသမားတို့၏
လက်တွင်းမှ နိုင်ငံရေးအာဏာကိုလက်နက်အားကိုးဖြင့်    လုယူတော့သည်။သို့သော် စစ်
ခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ စစ်ယူနီဖေါင်းချွတ်ပြီး နိုင်ငံရေးသမား
ဘ၀ဖြင့်နိုင်ငံရေးလောကထဲသို့ဝင်ခဲ့ကြသူများမဟုတ်ချေ။စစ်ယူနီဖေါင်းမချွတ်ဘဲနိုင်ငံရေး
လောကထဲသို့ ၀င်ရောက်ပြီး နိုင်ငံရေးအာဏာရယူထားကြသူများသာဖြစ်သည်။စစ်ခေါင်း
ဆောင်များသည်သိလျက်နှင့်လည်ကောင်း၊မသိလျက်နှင့်လည်ကောင်း၊စစ်အာဏာရှင်
စစ်စစ်ကြီးများဘ၀သို့ကူးပြောင်းသွားလေသည်။စစ်အာဏာရှင်ပင်ပျိုသည်၁၉၆၂ခုနှစ်
တွင် ပေါ်ပေါ်လွင်လွင်သီးပွင့်လာခဲ့တော့သည်။စစ်အာဏာရှင်စနစ်ကိုတော်လှန်ရေး
ဆိုင်းဘုတ်ဖြင့် ဖုံးအုပ်ထားခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟူသော လက်ဝဲသံပေး
၍ ပြည်သူတို့ကို လှည့်ဖြားဆွဲဆောင်ခဲ့သည်။ဆိုရှယ်လစ်သံကြားရ၍ လက်ဝဲနိုင်ငံရေး
သမားတို့လှုပ်လှုပ်ရွရွဖြစ်လာခဲ့ကြသည်။အကြိုက်တွေ့လာခဲ့ကြသည်။ ပြည်သူအများက
လည်း ၀မ်းသာအားရဖြစ်လာခဲ့ကြသည်။ယူနီဖောင်းမချွတ်ဘဲ နိုင်ငံရေးအာဏာယူထား
သည့် စစ်အာဏာရှင်စနစ်၏ အန္တရာယ်ကို မမြင်နိုင်ခဲ့ကြပေ။လူတန်းစားအမြင်ပျောက်
ပြီး စစ်တပ်နှင့်ပူးပေါင်းလက်တွဲ၍ ဆိုရှယ်လစ်လောကသို့ ချီတက်ရန် ကြိုးပမ်းကြပြန်
သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်ကို မျက်ကွယ်ပြုကြပြန်သည်။သိပ်မကြာလိုက်
ချေ။စစ်အာဏာရှင်စနစ် အတောင်အလက်စုံ၍ အခြေခိုင်သွားသောအခါ၌ လမ်းစဉ်ပါ
တီတွင်းမှ လက်ဝဲနိုင်ငံရေးသမားများ တဖြုတ်ဖြုတ်  ထုတ်ပစ်ခြင်းခံရတော့သည်။စစ်
တပ်နှင့်နိုင်ငံရေးအကြား ပြတ်ပြတ်သားသား စည်းတားထားရမည့် ဗိုလ်ချုပ်၏လမ်းစဉ်
ကိုမျက်ကွယ်ပြုခဲ့ကြသောကြောင့်ဖဆပလ နိုင်ငံရေးသမားများစစ်တပ်၏ အစားခံလိုက်
ရသကဲ့သို့ မဆလမှလက်ဝဲနိုင်ငံရေးသမားများသည်လည်း စစ်တပ်၏ အစားခံလိုက်ရ
ပြန်သည်။စစ်တပ်နှင့်နိုင်ငံရေး သီးသီးသန့်သန့် စည်းတားရန် ကြိုးပမ်းခဲ့သော ဗိုလ်ချုပ်
ကြီးစောမောင်သည်ပင်လျှင် အစားခံသွားရရှာသည်။စစ်တပ်သည်သာ ကြီးသည်ထက်
ကြီး၊ ထွားသည်ထက်ထွားလာခဲ့သည်။ အစွယ်ဖွေးဖွေး အမွှေးဖွားဖွားဖြင့် အာဏာရှင်
စစ်ဘီလူးကြီး ဖြစ်လာခဲ့သည်။ နေ၀င်းစစ်အာဏာရှင်လက်မှ သန်းရွှေစစ်အာဏာရှင်
လက်သို့ကူးပြောင်းလာခဲ့သည်။သန်းရွှေစစ်အာဏာရှင်လက်ထက်တွင် နေ၀င်းစစ်အာ
ဏာရှင်လက်ထက်မှာကဲ့သို့ စစ်သားတပိုင်း နိုင်ငံရေးသမားတပိုင်းစစ်ခေါင်းဆောင်များ
မပါဝင်တော့..။ သန်းရွှေကိုယ်တိုင်သည်ပင်လျှင်လွတ်လပ်ရေးတိုက်ပွဲဝင်သမိုင်းနောက်
ခံမရှိ။သန်းရွှေနှင့်တကွသူ့နောက်လိုက်စစ်ခေါင်းဆောင်အားလုံးတို့သည်နေ၀င်းစစ်တပ်
က မွေးထုတ်လိုက်သည့် စစ်သားသန့်သန့်စစ်ခေါင်းဆောင်များသာဖြစ်သည်။နေ၀င်း၏ စစ်အာဏာရှင်စနစ်က  မွေးထုတ်လိုက်သော  ရေမရောသည့်  စစ်အာဏာရှင်စစ်စစ် 
သန်းရွှေနှင့် သူ့နောက်လိုက် စစ်ခေါင်းဆောင်တို့သည် တိုင်းရင်းသားပြည်သူတို့အား
အရက်စက်ဆုံး၊ အကြမ်းတမ်းဆုံး ဖိနှိပ်သတ်ဖြတ်ရာတွင် မည်သည့်အချိန်ကမှ လက်မ
တွန့်ခဲ့ချေ။ သို့ဖြင့် သန်းရွှေစစ်အာဏာရှင်သည် သက်တမ်းနှစ်ပေါင်း၂၀ ကျော်ခဲ့သည်။
သန်းရွှေ စစ်အာဏာရှင်လက်အောက်တွင်ကရင်အမျိုးသားအစည်းအရုံး(KNU)မှအပ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အတော်များများသည် စစ်တပ်နှင့်ပူးပေါင်းခဲ့ကြသေး
သည်။ နောက်ဆုံးတွင်မူ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ရေးပြန်လည်ဆင်နွှဲ
ရသည့်ဒုံရင်းအခြေအနေသို့ပင် ပြန်ရောက်ရပြန်သည်။သို့ရာတွင် ၈၈ ပြည်သူ့တော်လှန်
ရေးနှင့် ၉၀ ပြည်သူ့ရွေးကောက်ပွဲတို့မှ ပေါက်ဖွားခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ ခေါင်းဆောင်သောဒီမိုကရေစီအင်အားစုတို့ကသမိုင်းသင်ခန်းစာယူခဲ့
သည်။ဗိုလ်ချုပ်၏လမ်းစဉ်အတိုင်း လျှောက်လှမ်းခဲ့ကြသည်။ ယူနီဖောင်းမချွတ်သော
စစ်ခေါင်းဆောင်များ ဦးစီးခေါ်ဆိုသည့် အမျိုးသားညီလာခံကို သပိတ်မှောက်ခဲ့သည်။
ပြည်သူ့လွှတ်တော်၏ ၂၅ ရာခိုင်နှုန်း နေရာဝင်ယူခွင့်ပြုသည့် ၂၀၀၈ ဖွဲ့စည်းပုံကို အသိ
အမှတ်မပြု။ ယင်းဖွဲ့စည်းပုံအရ ကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့
သည်။လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားအခွင့်အရေး တန်းတူရေးတို့ကို စစ်အာဏာရှင်စနစ်ဖြင့် တည်ဆောက်ယူ၍ မရနိုင်သည်မှာရှင်းပါသည်။ ဤအခြေခံ အချက်သုံးချက်မရှိဘဲနှင့်လည်း နိုင်ငံခေတ်မီတိုးတက်ရေးအတွက် ကြိုးပမ်း၍ မရနိုင်
ပေ။ထိုနည်းတူပင် ဗိုလ်ချုပ်လမ်းစဉ်နှင့် ဆန့်ကျင်သော စစ်သားတပိုင်း နိုင်ငံရေးသမား
တပိုင်း စစ်ခေါင်းဆောင်များနှင့် ပူးပေါင်း၍လည်း မည်သည့်နိုင်ငံရေးစနစ်၊ စီးပွားရေးစ
နစ်ကိုမျှ မထူထောင်နိုင်။ပြည်သူ့ဆန္ဒကို မလွန်ဆန်ရဲ၍ အနည်းဆုံးအားဖြင့် စစ်အာဏာ
ရှင်တို့သည် မင်းသားခေါင်းစွပ်လျက် အယောင်ဆောင် ထွက်ပေါ်လာတတ်သည်ကို သမိုင်းသက်သေရှိထားပြီးဖြစ်သည်။ထိုမျှသာမက တနေ့တွင် စစ်အာဏာရှင်စနစ်၏ လွှမ်းမိုးခြင်းကိုသာခံရပြီး ပူးပေါင်းခဲ့သူ နိုင်ငံရေးသမားတို့သာ အစားခံဘ၀ဖြင့် ကျဆုံး
ခဲ့ရသည်။ထို့ကြောင့်စစ်ခေါင်းဆောင်များသည်စစ်တပ်နေရာ၌သာ နေသင့်သည်။ နိုင်
ငံကာကွယ်ရေးတာဝန်ကို ထမ်းဆောင်သော စစ်သူရဲကောင်းများသာ ဖြစ်သင့်သည်။
နိုင်ငံရေးလုပ်လိုပါက ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ယူနီဖောင်းချွတ်၍ နိုင်ငံရေးလောက
သို့ နိုင်ငံရေးသမားတယောက်အဖြစ်ဖြင့် ခြေစုံပစ်ဝင်သင့်ပါကြောင်း။

No comments:

Post a Comment

စကားလေးတစ်ခွန်းဟာ ကျွန်တော်အတွက်အားဆေးတစ်ခွက်ပါ........

SubmitStart

back to top