November 4ရက်နေ့တွင် သည်ဆိုဒ်လေးကိုတည်ထောင်ပါသည်။ သည်ဆိုဒ်လေးကို ကျွန်တော်ကျွမ်းကျင်လို့တည်ထောင်ထားချင်းမဟုတ်ပါ လေ့လာသင်ယူနေတုန်းပါ ကျွန်တော်တွေ့ရှိသမျှနည်းပညာ သတင်းများကိုလဲပြန်လည်မျှဝေပေးသွားမှာ တုန့်ပြန်မှုအနေနဲ့FaceBook Like ကလေးလောက်တော့နှိပ်ပြီးအားပေးခဲ့ကြပါခင်ဗျာ သူငယ်ချင်းတို့ရဲ့အားပေးမှုဟာကျွန်တော်အတွက်အားဆေးတစ်ခွက်ပါ

မန်ဘာဝင်၍ အားပေးကြပါ

Monday, November 5, 2012

"ဒီစကား" အောင်ဆန်းစုကြည်

Unknown | Monday, November 05, 2012 | Best Blogger Tips

တစ်နေ့လွှတ်တော်ထဲမှာမျက်မှန်ကိုစာရေးခုံပေါ်မှာကိုင်ထားတုန်းငုံ့ကြည့်လိုက်တဲ့အခါ
ခန်းမအထက်မျက်နှာကြက်ကမီးလုံးများ မြောက်များစွာဟာမျက်မှန်ရဲ့မှန်သား တွေပေါ်
မှာကြယ်ကလေးများ တောက်ပသလိုလင်းလက်နေတာတွေ့လိုက်ရပါတယ်။ကြည်နူးဖွယ်
ရာ မြင်ကွင်းလေးမို့ လွှတ်တော်အတွင်းဘာတွေပြောနေကြ တယ်ဆိုတာကို သတိမပြုနိုင်
တော့ဘဲကြယ်ကလေးများအကြောင်းကိုအတွေးရောက်သွားပါတယ်။“ကြယ်ကလးတွေ”
လို့ပြောလိုက်ပေမဲ့ကြယ်တွေဆိုတာတကယ်တော့ကြီးမားတဲ့ ဂြိုလ်ကမ္ဘာကြီးတွေဖြစ်ပါ
တယ်။မီးလျှံတွေဟုန်းဟုန်းတောက်နေလို့ကျွန်မတို့ကမ္ဘာကကြည့်လိုက်တော့လင်းလက်
နေတာပါ။စကြာဝဋ္ဌာကြီးရဲ့ဝေးလံလှသောတစ်နေရာမှာရှိနေတဲ့ကြယ်ကြီးအချို့ရဲ့မီးလျှံ
တွေဟာ ငြိမ်းသွားတာကြာလှပါပြီ။ ဒါပေမယ့်အလင်းရောင်ရဲ့အမြန်နှုန်းနဲ့တောင်အင်မ
တန်ကြာတဲ့ခရီးကိုဖြတ်ကျော်ခဲ့ရတာကြောင့်ဇစ်မြစ်ဖြစ်တဲ့ကြယ်ကြီးတွေ လောင်ကျွမ်း
ပျောက်ကွယ်သွားသည့်တိုင်ကျွန်မတို့အမြင်မှာတော့ တောက်ပဆဲအလင်းပွင့်လေးများ
လိုမြင်နေရပါတယ်။အခုခေတ်မှာ“စတား”ဆိုတဲ့“ကြယ်”လို့အဓိပ္ပာယ်ပေါက်တဲ့အင်္ဂလိပ်
ဘာသာစကားလုံးကိုတွင်တွင်သုံးကြပါတယ်။ရုပ်ရှင်အနုပညာရှင်များနဲ့ပတ်သက်လို့အ
နောက်တိုင်းနိုင်ငံတွေမှာစတင်သုံးစွဲခဲ့တယ်လို့ထင်ပါတယ်။စတားတွေဟာအများအလယ်
မှာရေပန်းစားပြီးအားကျစရာတွေဖြစ်လာတာကြောင့်ဒီစကားလုံးကိုရုပ်ရှင်အနုပညာပ
ညာရှင်များအပြင်၊အကြောင်းကြောင်းကြောင့်လူအကြိုက်များ၊၀ိုင်းပြီးအားကျသြဘာပေး
ခံရသူတွေကိုလည်း“စတား”တွေလို့ခေါ်တွင်လာတာပါပဲ။ယခုဆက်သွယ်ရေးတော်လှန်
ရေးခေတ်ကြီးထဲမှာကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေသမျှကိုလျင်မြန်စွာသိနိုင်မြင်နိုင်ဆိုတော့
“စတား”တွေကိုလူအများကသိကြ၊ မြင်ကြရတာပေါ့။အဲဒါကြောင့်ပဲစတားရောဂါတွေ ထ
လာကြပါတယ်။စတားရောဂါလို့ ကျွန်မပြောတာ အဓိပ္ပာယ်နှစ်မျိုးနဲ့ပါ။တစ်မျိုးကတော့စ
တားတွေအပေါ်စိတ်ဝင်စားအာရုံစိုက်တာ၊ စတားတွေအကြောင်းလေ့လာ၊ စတားတွေကို
အတုခိုးတာတွေကိုဆိုလိုတာပါ။ကိုယ်သဘောကျအားကျတဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်လို့စိတ်
အားထက်သန်တာကတော့အပြစ်ကြီးမဟုတ်ပါဘူး။ပတ်ဝန်းကျင်ကိုထိခိုက်လောက်အောင်
အလွန်အကြူးဖြစ်ခဲပါတယ်။ရောဂါဆိုပေမယ့် ရောဂါကြီးမဟုတ်ပါဘူးဆိုပါတော့။စတားဖြစ်
ချင်တဲ့ ရောဂါကတော့ဆိုးနိုင်ပါတယ်။အနုပညာလောကမှာ ဖြစ်ချင်တာကတော့သဘာဝ
ကျပါတယ်။ ရောဂါမလွန်ကျွံဖို့ပါပဲ။ဒါပေမယ့် နိုင်ငံရေးလောကမှာစတားဖြစ်ချင်လို့ကတော့
အန္တရယ်များပါတယ်။ဒီမီဒီယာခေတ်ကြီးမှာထင်ပေါ်ကျော်ကြားမှုကို နိုင်ငံရေးလုပ်သူများပို
မိုအလေးထားကြသလို ဖြစ်လာပါတယ်။အများပြည်သူ၊ကမ္ဘာသူကမ္ဘာသားများရဲ့ထောက်ခံ
မှုဆိုတာမိမိအတွက်မဟုတ်ဘဲမိမိရဲ့ရည်မှန်းချက်ပန်းတိုင်အတွက် ဖြစ်ရမယ်ဆိုတာကိုအမြဲ
တစေမှတ်သားထားဖို့လိုပါတယ်။ယခုကျွန်မတို့တွေဒီမိုကရေစီလှုပ်ရှားမှုထဲမှာပါဝင်ဆောင်
ရွက်ခဲ့ကြလို့ ပြည်တွင်းပြည်ပထောက်ခံအားပေးမှုတွေကိုရရှိနေကြတာပါ။ နှစ်ပေါင်းများစွာ
မူပေါ်မှာရပ်တည်ပြီးဖိနှိပ်ချုပ်ချယ်မှုတွေကိုရင်ဆိုင်ကျော်လွှားနိုင်တာကို လေးစားဂရုဏာ
ထားတဲ့သဘောပါပဲ။ထင်ပေါ်ကျော်ကြားမှုကို အပေါ်ယံကြောသာမြင်၊ အားကျပြီး စတား
လုပ်ချင်တဲ့ စိတ်တွေမဖြစ်ဖို့ အရေးကြီးပါတယ်။ယခုကျွန်မတို့နိုင်ငံမှာဒီမိုကရေစီစနစ်ထွန်း ကားအောင်ကြိုးစားနေရတဲ့အချိန်ပါ။ဒီလိုအချိန်မျိုးမှာလူကြိုက်များမှုစတားဖြစ်ရေးထက် အရေးကြီးတာကလုပ်သင့်လုပ်ထိုက်တာတွေကို လူမုန်းခံပြီးလုပ်နိုင်ဖို့ပါပဲ။ နိုင်ငံရေးကိုစိတ်
ဝင်စားတဲ့လူငယ်တွေကို ဖေဖေ့ရဲ့လက်သုံးစကားအဆိုလေးကို ပြန်သတိပေးချင်ပါတယ်။
လုပ်ရဲတာကသတ္တိမဟုတ်ဘူး။ခံရဲတာကသတ္တိတဲ့။ဒါကိုတလွဲအဓိပ္ပာယ်မကောက်ပါနဲ့။ဘာမှ
မလုပ်ဘဲဖြစ်သမျှသာခံဆိုတဲ့သဘောမဟုတ်ပါဘူး။ကိုယ်လုပ်ဖို့ရာဆုံးဖြတ်လိုက်တဲ့အလုပ်ရဲ့
အကျိုးဆက်တွေကိုခံရဲရမယ်လို့ဆိုလိုတာပါ။ကန္တာရခရီးလမ်းကိုပန်းခင်းထားတဲ့စတားလမ်း
လို့မထင်မိကြပါစေနဲ့။သိသိကြီးနဲ့ ရွေးပြီးလျှောက်ခဲ့တဲ့လမ်းမို့မညည်းမညူဆက်ကြရမှာပါ။
လမ်းခုလတ်က၀င်ပြီးအကြော့သားလေးစတားလုပ်ချင်တဲ့စိတ်တွေမွေးရင်တော့ကျွန်မတို့နိုင်
ငံကို အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုလူတွေကို အားမကျကြပါနဲ့။တကယ့်ကြယ်ဆိုတာ
မီးလျှံတွေအားလုံးသေသွားပြီး ကာလရှည်ကြာစွာအလင်းရောင်ကို ပေးနိုင်ပါတယ်။လျှပ်
တစ်ပြက်ဝင်းလက်သွားတာဟာ ကြယ်စင် မဟုတ်ပါဘူး။ အတုအပ စတားသာဖြစ်ပါလိမ့်
မယ်။

No comments:

Post a Comment

စကားလေးတစ်ခွန်းဟာ ကျွန်တော်အတွက်အားဆေးတစ်ခွက်ပါ........

SubmitStart

back to top