November 4ရက်နေ့တွင် သည်ဆိုဒ်လေးကိုတည်ထောင်ပါသည်။ သည်ဆိုဒ်လေးကို ကျွန်တော်ကျွမ်းကျင်လို့တည်ထောင်ထားချင်းမဟုတ်ပါ လေ့လာသင်ယူနေတုန်းပါ ကျွန်တော်တွေ့ရှိသမျှနည်းပညာ သတင်းများကိုလဲပြန်လည်မျှဝေပေးသွားမှာ တုန့်ပြန်မှုအနေနဲ့FaceBook Like ကလေးလောက်တော့နှိပ်ပြီးအားပေးခဲ့ကြပါခင်ဗျာ သူငယ်ချင်းတို့ရဲ့အားပေးမှုဟာကျွန်တော်အတွက်အားဆေးတစ်ခွက်ပါ

မန်ဘာဝင်၍ အားပေးကြပါ

Thursday, November 22, 2012

ဖုန်းဖြင့်တွဲပြီး PC နှင့် Laptop များပေါ်တွင် အင်တာနက် အသုံးပြုခြင်း

Unknown | Thursday, November 22, 2012 | Best Blogger Tips
ဖုန်းဖြင့် PC နှင့် Laptop များပေါ်တွင် အင်တာနက် အသုံးပြုလိုပါက အောက်ပါနည်းလမ်း
များအတိုင်း  ဆောင်ရွက်နိုင်ပါတယ်...။ အခုပြောပြမယ့် အကြောင်းအရာ တွေကတော့
Andriod ဖုန်း version 2.0 နဲ့ အထက်တွေမှာ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်..၊
အရင်ဆုံး setting ထဲက wireless and Network ကို ရွေးပေးပါ။
 
Tethering and Portable Hotspot ကို ရွေးပေးပါ။
Port. Wi-Fi hotspot settings ကို ရွေးပေးပါ...၊ မြှားထိုးတာ မှားနေပါသည်:)
Configure Wi-Fi hotspot ကို ဆက်ရွေးပေးပါ။


Network SSID - ကိုယ်ပေးချင်တဲ့ နာမည်ပေးလို့ရပါသည်။
Security - WPA2 PSK ကိုရွေးပေးပါ။
Password ကို ကိုယ်ကြိုက်နှစ်သက်ရာ ရိုက်ထည့်ပါ။ ပြီးရင်တော့ Save button နှိပ်ပါ။
 Back ခလုပ်တစ်ချက်နှိပ်ပြီး၊ Portable Wi-Fi hotspot ကို tick လုပ်ပေးပါ။
 မိ laptop taskbar ရဲ့ ညာဘက်အောက်နားမှာရှိတဲ့ connetion ပြတဲ့ bar လေးကိုဖွင့်ကြည့်
လိုက်ရင် သင်ပေးခဲ့တဲ့ နာမည်နဲ့ လိုင်းတက်နေတာကို အောက်ပါ အတိုင်းမြင်ရပါလိမ့်
မယ်။
အဲဒီမှာ တစ်ချက်နှိပ်လိုက်ပါ။ password တောင်းပါလိမ့်မယ်။ မပူပါနဲ့..။ အရှေ့မှာ သင်
ရိုက်ခဲ့တဲ့ password ကို ပြန်ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင် connect ဆိုတာ နှိပ်ပေးလိုက်
ရင် သင့် laptop မှာ အင်တာနက် သုံးလို့ရပါပြီ။
မှတ်ချက် ။ ဒါနည်းက ဖုန်းကနေ Wifi ပြန်လွှင့်တဲ့နည်းဖြစ်ပြီး သင်က laptop ရှိမှသာ အ
ဆင်ပြေမှာပါ။ အကယ်လို့ laptop မဟုတ်ပဲ PC နဲ့ သုံးမယ်ဆိုရင်တော့ အောက်ပါ နည်း
လမ်းများအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
ဖုန်းကို ကွန်ပျူတာနဲ့ USB ဖြင့် ချိတ်ပေးပါ။ ဖုန်းထဲမှာ Charge Phone ကိုသာရွေးပေးပါ။
ပြီးရင် Setting > Wireless and Network > Tethering and Portable hotspot ကို အရှေ့က
အတိုင်း အစဉ်လိုက်ဝင်လိုက်ပါ။
USB thethering ကို tick လုပ်ပေးလိုက်ပါ။ ခဏကြာရင် သင့် PC taskbar ရဲ့ ညာဘက် connection ပြတဲ့ နေရာလေးမှာ coneection ချိတ်မိကြောင်း သင်္ကေတလေးတွေ့ရပါလိမ့်
မယ်။ ဒါဆိုရင်တော့ သင့်ဖုန်းဖြင့် PC မှာ internet အသုံးပြုလို့ရပါပြီ။
မှတ်ချက် ။ အထက်ပါနည်းမှာလည်း မိမိဖုန်းရဲ့ driver ကို PC ထဲ ထည့်သွင်းပြီးမှသာ
လျှင် အဆင်ပြေမှာဖြစ်ပါတယ်။ PC မှာ သုံးဖို့ phone driver လည်း မရှိဘူး၊ မိမိဖုန်းရဲ့
 function ထဲမှာလည်း thethering and portable hotspot ဆိုတဲ့ function ပါမလာဘူးဆိုရင်တော့ နောက်ဆုံးနည်းလမ်း ရှိပါသေးတယ်။
အရင်ဆုံးအောက်က ပေးထားတဲ့ ဖိုင်ကို အရင် download ပါ။
                                                         
                                                         ဒီမှာဒေါင်းပါ 
အဲဒီထဲမှာ apk file နဲ့ exe file နှစ်ခုပါပါတယ်။ apk file ကို ဖုန်းထဲမှာ Install လုပ်ပါ။  
exe file ကို အသုံးပြုမယ့် computer ထဲမှာ install လုပ်ပါ။
ပြီးရင် ဖုန်းကို computer နှင့် USB ကြိုးဖြင့် ဆက်သွယ်ချိတ်ဆက်ပါ။ ဖုန်းတွင်
Charge Phone ပဲ ရွေးပေးပါ။
ဖုန်းထဲမှ Easy Thether ကို ဖွင့်ပြီး USB thether တွင် အမှန်ခြစ်ပေးပါ။ ထို့နောက်
computer taskbar တွင် ပေါ်နေသော Easy thether ပုံလေးတွင် တစ်ချက် နှိပ်ပြီး
Connet via Andriod ဆိုတာလေး ရွေးပေးလိုက်ရင် သင့် computer တွင် ဖုန်းဖြင့်
 internet ချိတ်ဆက် အသုံးပြုလို့ ရရှိမှာ ဖြစ်ပါတယ်။
 

No comments:

Post a Comment

စကားလေးတစ်ခွန်းဟာ ကျွန်တော်အတွက်အားဆေးတစ်ခွက်ပါ........

SubmitStart

back to top