November 4ရက်နေ့တွင် သည်ဆိုဒ်လေးကိုတည်ထောင်ပါသည်။ သည်ဆိုဒ်လေးကို ကျွန်တော်ကျွမ်းကျင်လို့တည်ထောင်ထားချင်းမဟုတ်ပါ လေ့လာသင်ယူနေတုန်းပါ ကျွန်တော်တွေ့ရှိသမျှနည်းပညာ သတင်းများကိုလဲပြန်လည်မျှဝေပေးသွားမှာ တုန့်ပြန်မှုအနေနဲ့FaceBook Like ကလေးလောက်တော့နှိပ်ပြီးအားပေးခဲ့ကြပါခင်ဗျာ သူငယ်ချင်းတို့ရဲ့အားပေးမှုဟာကျွန်တော်အတွက်အားဆေးတစ်ခွက်ပါ

မန်ဘာဝင်၍ အားပေးကြပါ

Tuesday, November 20, 2012

မပုပ်မသိုး စွန်းလွန်းဆရာတော်ဘုရားကြီး ရုပ်ကလာပ် နိုင်ငံခြားဧည့်သည်များအထူးစိတ်ဝင်စား

Unknown | Tuesday, November 20, 2012 | Best Blogger Tips

ဘ၀နတ်ထံပျံလွန်သွားသည်မှာ နှစ်ပေါင်း(၆၀)ကျော်ခဲ့ပြီဖြစ် သော်လည်းယနေ့တိုင်မည်
သည့် ဆေးဝါးအကူအညီမျှမပါ  မပုပ်မသိုးဘဲ  ပကတိအတိုင်းရှိနေသည့် စွန်းလွန်းဆရာ
တော်ဘုရားကြီးဦးက၀ိ ရုပ်ကလာပ်တော်နှင့်ပတ်သက်၍အနယ်နယ်အရပ်ရပ်မှဘုရားဖူး
ဧည့်သည်များ အထူးကြည်ညိုစိတ်ဝင်စားကြသကဲ့သို့   ပြည်ပနိုင်ငံများမှ ဧည့်သည်များ ကလည်းဆရာတော်ကြီး၏ မပုပ် မသိုးရုပ်ကလပ်တော်အားအထူးစိတ်ဝင်စားကြောင်းစွန်း
လွန်းဂူကျောင်းတာဝန်ရှိသူတစ်ဦးကပြောကြားသည်။ဆရာတော်ကြီးက သက်တော်(၇၅)

ဝါတော်(၂၈)မှာ ပျံ လွန်တော်မူခဲ့တာပါ။လက်ရှိဒီမှာ   ထားရှိ ပူဇော်တာကတော့ နှစ် (၆၀)
ကျော်ပါပြီ။အနယ်နယ်အရပ်ရပ်ကလူတွေဆရာတော်ကြီးရဲ့ရုပ်ကလာပ်ကိုလာရောက်ဖူး
မျှော် ကြည်ညိုကြသလို ပြည်တွင်းကခရီးသွားကုမ္ပဏီတွေရဲ့အစီအစဉ်နဲ့မြင်းခြံကိုရောက်
လာတဲ့ နိုင်ငံခြား  ဧည့်သည်တွေကလည်း  ဆရာ တော်ကြီးရဲ့ မပုပ်မသိုးတဲ့  ရုပ်ကလာပ်
တော်ကို အံဖွယ်တစ်ခုလို  အရမ်းစိတ်ဝင်စားကြပါတယ်”ဟုစွန်းလွန်းကျောင်းတာဝန်ရှိသူ
ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြော ကြားသွားသည်။ဆရာတော်ကြီး၏ရုပ်ကလာပ်တော်အား
လာရောက်လေ့ လာသည့် UK နိုင်ငံသား မစ္စတာဘင်းဒရစ်အား Hot News သတင်း
ထောက်က ဆရာတော် ကြီးရုပ်ကလပ်နှင့်ပတ်သက်၍မေး မြန်းကြည့်ရာ ““
ထူးခြားတဲ့အံ့သြ  ဖွယ်ရာတွေ ကမ္ဘာမှာအများကြီး ရှိပါတယ်။အဲဒီထဲကမှ
 မြန်မာပြည် မှာက သဘာဝနဲ့ဆန့်ကျင်တဲ့ သူ တော်စင်၊သူတော်မြတ်တွေရဲ့ဆေး အကူ
အညီမပါတဲ့၊မြွပုပ်တဲ့ရုပ်က လာပ်တွေ အံ့သြဖွယ်ရာ တွေ့ရ ပါတယ်။ဒီလိုမျိုးတွေကို
ကျွန်တော်တို့အနေနဲ့မှတ်တမ်းယူပြီး ကမ္ဘာ  မှာပြန် Shareမှာပါ”ဟု ပြော ကြားသွား
သည်။စွန်းလွန်းဆရာတော်ဘုရား ကြီးအား အဘဦးသန့်၊အမိဒေါ်  တုတ်တို့မှ မြန်မာ
သက်္ကရာဇ် ၁၂၃၉ ခုနှစ် တပေါင်းလဆန်း(၂)ရက်၊ တနင်္လာနေ့နံနက်(၃)နာရီတွင် ဖွားမြင်
ခဲ့ပြီးသာသနာ့ဘောင်သို့ ၀င်ပြီးနောက်၁၂၈၂ခုနှစ် ၀ါဆိုလပြည့်ကျော် (၁၃)ရက်၌ ပထမ   တရားထူး၊၁၂၈၂ခုနှစ် ၀ါခေါင်လ ပြည့်ကျော်(၁၃)ရက်၌ ဒုတိယ တရားထူး၊၁၂၈၂ခုနှစ်
တော်သလင်းလပြည့်ကျော် (၁၃)ရက်၌ တတိယတရားထူးနှင့်၁၂၈၂ခုနှစ်သီတင်းကျွတ်
လပြည့် (၁၃)ရက်၌စတုတ်္ထတရားထူးများကိုရရှိတော် မူခဲ့ပြီး ၁၃၁၄ခုနှစ် ကဆုန်လပြည့်
ကျော်(၉)ရက် စနေနေ့ ညနေ  (၄း၄၅)အချိန်၌ ပရိနိဗ္ဗာန်ပြု တော်မူခဲ့သည်။

No comments:

Post a Comment

စကားလေးတစ်ခွန်းဟာ ကျွန်တော်အတွက်အားဆေးတစ်ခွက်ပါ........

SubmitStart

back to top