November 4ရက်နေ့တွင် သည်ဆိုဒ်လေးကိုတည်ထောင်ပါသည်။ သည်ဆိုဒ်လေးကို ကျွန်တော်ကျွမ်းကျင်လို့တည်ထောင်ထားချင်းမဟုတ်ပါ လေ့လာသင်ယူနေတုန်းပါ ကျွန်တော်တွေ့ရှိသမျှနည်းပညာ သတင်းများကိုလဲပြန်လည်မျှဝေပေးသွားမှာ တုန့်ပြန်မှုအနေနဲ့FaceBook Like ကလေးလောက်တော့နှိပ်ပြီးအားပေးခဲ့ကြပါခင်ဗျာ သူငယ်ချင်းတို့ရဲ့အားပေးမှုဟာကျွန်တော်အတွက်အားဆေးတစ်ခွက်ပါ

မန်ဘာဝင်၍ အားပေးကြပါ

Friday, May 10, 2013

ကိုယ့်ရဲ့ Facebook ကို လုံခြုံရေးကောင်းအောင် လုပ်နိုင်ပြီ

Unknown | Friday, May 10, 2013 | Best Blogger Tips

ကျွန်တော်အလုပ်များနေတာနဲ့ပိုစ့်မတင်ဖြစ်တာကြာသွာတယ် Sorry နော်ပရိတ်

တို့ ခုတင်းပေးမယ့်နည်းလမ်းလေးကFacebookသုံးတဲ့သူငယ်ချင်းများအကောင့်

ကို လုံခြုံစိတ်ချစွာသုံးလို့ရနိုင်မယ့်နည်းလမ်းလေးပါ ဘယ်လိုလုပ်ရမလဲဆိုတော့

ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတချို့ကို"Trusted Friends"ထဲထည့်သွင်းထား

ခြင်းအားဖြင့် ကိုယ့်ရဲ Facebook Account ခိုးယူခံရခြင်းမှ ကာကွယ်နိုင်ပါပြီ

Facebook account ထဲဝင်လို့မရတော့ဘဲ ပြဿနာ တက်နေတယ်ဆိုရင် သူတို့

အကူအညီနဲ့ပြဿနာ ပြေလည်စေပါလိမ့်မယ်။ Facebook က မိတ်ဆက်လိုက်

တဲ့  "Trusted Friends"ဆိုတာလေးကို Facebook မှာတွေ့ရမှာပါ။

 "Trusted Friends"ဆိုတာသင့်ရဲ့ လျှိုဝှက်နံပါတ် ကိုသူငယ်ချင်းများအကူအညီနဲ့

ပြန်လည်ရယူနိုင်အောင် Facebook ကဖန်တီးပေးလိုက်တာပါ Facebook ကဒါ

ကိုအကောင်အထည်ဖော်ဖို့ စမ်းသပ်နေတာ 2011 ခုနှစ်ကတည်ကဖြစ်ပြီး အခု

မှာတော့ အသုံးပြုဖို့ အဆင်သင့်ဖြစ်တာကြောင့်ကြာသပတေးနေ့မှာ ထုပ်ပြန်

ကြေညာလိုက်တာဖြစ်ပါတယ်။

"Trusted Friends"ဆိုတာဒီလိုပါ။

၁။ သင်ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ(၃) ယောက်ကနေ (၅) ယောက်ထိကိုရွေး

ခယ်ထားရပါမယ်။

၂။ သင့်ရဲ Facebook account ပိတ်ခံရတဲ့အခါမျိုးမှာ Facebook က သင်ရွေး

ချယ်ထားတဲ့ မိတ်ဆွေတွေဆီကို Security codes တွေ လှမ်းပို့ပေးမှာပါ။

၃။ အဲ့ဒီSecurity codes တွေကို မိတ်ဆွေတွေဆီက ရယူနိုင်ပါတယ်။

ဒီနည်းနဲ့ Facebook account အပိတ်ခံရခြင်း( သို့) ခိုးယူခံရခြင်းမှ ကာကွယ်

နိုင်မှာဖြစ်ပါတယ်။ နာမည်ကြီးတွေရော သာမန်သူလိုကိယ်လို့တွေပါ ဟက်ကာ

လက်ချက် ခံနေရချိန်မှာ ပေါ်လာတဲ့ ဒီလို လုံခြုံရေး အစီအစဉ်သစ်ကို

Facebook သုံးသူတွေ နှစ်သက်ကြမှာပါ။ ကိုယ့်အကောင့် ဖောက်ထွင်းခံရတာ

မျိုးက အချိန်မရွေးကြုံရနိုင်ပါတယ်။ Facebook ကိုယ်တိုင်လည်ကြုံခဲ့ရပါတယ်။

ဒီအကြောင်းကို Facebook လည်း အဟတ်ခံလိုက်ရဆိုတဲ့ ခေါင်းစဉ်နဲ့ဧရာဝတီ

ဘလော့ http://blog.irrawaddy.org/2013/02/facebook_18.html မှာ

ဖော်ပြခဲ့ပြီးပါပြီ။ အခုပေါ်လာတဲ့ Facebook ရဲ့ နည်းလမ်းသစ်ကို အသုံးပြုခြင်း

ဖြင့် လုံခြုံရေးမေးခွန်းများ (Security Question) နဲ့သင်မည်သူဖြစ်သည်ကို

ဖြေဆိုရတဲ့(Web Forms Question) တွေကို အချိန်ကုန်ခံပြီးဖြေဆိုစရာမလို

တော်ဘူးလို့ သိရပါတယ်။ " Trusted Contacts " ထဲထည့်သွင်းလိုက်တာနဲ့

Facebook ကစာလှမ်းပို့ အကြောင်းကြားပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် သတိ

ထားရမယ့်အချက်ကို မှာထားပါသေးတယ်။ Facebook Account ရဲ့လုံခြုံရေး

ဟာအိမ်တစ်အိမ်ရဲ့ လုံခြုံရေးလိုပါပဲ တဲ့ သင်တကယ်ယုံကြည်စိတ်ချနိုင်တဲ့

မိတ်ဆွေများကိုသာ" Trusted Contacts " ထဲမှာထည့်သင်းပါလို့ အကြံပြုသွား

ပါတယ် .......

No comments:

Post a Comment

စကားလေးတစ်ခွန်းဟာ ကျွန်တော်အတွက်အားဆေးတစ်ခွက်ပါ........

SubmitStart

back to top